မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၆ မတ်    


           
မတ် ၅ ရက် နံနက် ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၃၅) မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းနေ ကျော်သူရ(ခ)သားပု၏ နေအိမ်ကို ရှာဖွေရာ  ဘိန်းစာမှုန့် ၁၈ ဒသမ ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ မြို့တောကျေးရွာနေ ချီစိမ်းမင်၏နေအိမ်ကို ရှာဖွေရာ ချီစိမ်းမင်နှင့် ရင်ဖေ့လန့်(ခ)ထွန်းဖာတို့အား တွေ့ရှိရပြီး အိုက်စ် သုည ဒသမ ၇ ဂရမ်၊  စိတ်ကြွရူးသွပ်ဆေး ၁၁၃၇၁ ပြားတို့ကို လည်းကောင်း၊ ထို့အတူ ဘူးသီးတောင်မြိုမရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့၊ မြို့သစ်တောင်ရပ်ကွက်၊ မြို့မစျေးကမ်းနားလမ်းတွင် ကာမာလ်ဟူဆောင်းအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ သပြေတောကျေးရွာနေ ဆော်လိမ်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂၀ နှင့် ငွေကျပ် ၁၀၀၀၀၀ တို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့နံနက်က မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ ပြည်တော်အေးလမ်းနေ အုပ်ဖီး၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၃၀ ကိုလည်းကောင်း၊ ထို့အတူ ညနေပိုင်းတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားရုံးထုတ်ဧည့်တွေ့လာရောက်သူ မအေးစန္ဒီမိုးအား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ နှင့် ဘိန်းဖြူ ၁၁ ဒသမ ၈ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ(၇)၊ အောင်မင်္ဂလာလမ်းနေ မမာခွန်၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ၇၂ ဒသမ ၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ြပန်ချက်အရ သိရှိရသည်။

 

MDN