နေပြည်တော် ၄ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲက မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာ၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆိုင်းဆန့်မိုင် မောင်းနှင်လာသည့် TOYOTA NOAH အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ တန်ဖိုးငွေကျပ် ၁၆၉၄ သိန်းရှိ ဘိန်းဖြူ ၁ ဒသမ ၆၉၄ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ကွန်ကုန်းကျေးရွာနေ ခွန်မောင်အေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ကိုလည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မင်းမင်းထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


