နေပြည်တော် ၃၁ မတ်
မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-မြစ်ဆုံ-ဆွမ်ပရာဘွမ်ကားလမ်းတွင် နော်အောင် မောင်းနှင်ပြီး နော်လတ်လိုက်ပါလာသော မော်တော်ဆိုင်ကယ်ရောက်ရှိလာ၍ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃,၈၄၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်း(A)နေ နော်ဒီး(ခ)နောနော်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၅၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မတ် ၃၀ ရက်က မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကံ့ကော် ကျေးရွာလမ်းဆုံ၊ မူဆယ်-မန္တလေးကားလမ်းတွင် မော်တော်ဆိုင်ကယ်မောင်းနှင်လာသူ ညောင်ပင် (ခ)ကျော်တင်(ခ)မောင့်မြင့်အား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေထိုင်သည့် နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀ဝ ပြားနှင့် ဘိန်းဖြူ ၈ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ မတ် ၃၀ ရက် ည ၈ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်း စစ်ဆေး ရေးစခန်းတွင် အားဂေ့ မောင်းနှင် လာသည့်မော်တော်ဆိုင်ကယ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN