နေပြည်တော် နိုဝင်ဘာ ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်နေ ဈာန်ထွန်း (ခ) စောတကီး၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၅၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဘန့်ဘိန်းကျေးရွာအနီးတွင် စိုင်းအမ်မောင်းနှင်ပြီး စိုင်းနေနှင့် စိုင်းဟန်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စိုင်းအမ်မှာ ယာဉ်အားရပ်တန့်၍ ထွက်ပြေးသွားပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား