နေပြည်တော်၊ အောက်တိုဘာ ၂၆  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ အောင်မြေကျေး ရွာ အနီးတွင် ဝင်းထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုကို လည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ တည်းခို ခန်းတွင် တည်းခိုနေသူ ဇေယျာလှိုင် ၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ အခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ကိုလည်း ကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန် မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ လွိုင်စန့် ကျေးရွာ လမ်းဆုံအနီးတွင် စိုင်းစံမြ မောင်းနှင်ပြီး စိုင်းစွမ်ဝမ်းနှင့် အိုက်လူ တို့လိုက်ပါလာသည့် Mitsubishi Pajero Sport အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)