နေပြည်တော်၊ အောက်တိုဘာ ၂၈ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်နေ မျိုးသူရနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လွင်ဦး၊ သိန်းစိုးမင်း၊ အောင်ဇော်မိုး၊ မိုးမြင့်ဇော်၊ ချစ်ဦး၊ မင်းထက်အောင်တို့အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ကျော်သက်အောင် မောင်းနှင်လာသည့် NISSAN အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်နှင့် ထွန်းထွန်း မောင်းနှင်ပြီး မညိုညို၊ ကျော်ကျော် လွင်၊ မြတ်သူ(ခ) သားကြီးနှင့် စည်သူအောင်(ခ)သားငယ် တို့လိုက်ပါလာသည့် ISUZU အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ NISSAN ယာဉ်ပေါ်မှ ဆာလဖျူရစ် အက်စစ်အရည် လီတာ ၄,၃၀၀ ကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာရှိ ကြိုးတံတားအနီးတွင် ကောင်းသူကျော်(ခ)လပြည့်(ခ) စောကောင်းပြည့် မောင်းနှင်ပြီး မဝင်းနွယ်နှင့် သော်တာဝင်းတို့ လိုက်ပါလာသည့် HIJET အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)