မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၈ ဖေဖော်ဝါရီ

မူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်၊ ရေစီးကွေ့အနီးလမ်းကြားတွင် အောင်နိုင်ထွန်း (ခ)ဖိုးသား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၅၀ ၊ မြန်မာကျပ်ငွေ ၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ယင်းနေ့ညနေ ၆ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်(အရှေ့) ရပ်ကွက်၊ ၄၁ x ၄၂ လမ်းကြား၊ ၈၇ x ၈၈ လမ်းကြား၊ အကွက်အမှတ်(၄၂၂)နေ ကျော်စွာဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရဲနောင်နှင့် သက်ကိုကိုတို့ အားတွေ့ရှိရ၍ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၁,၈၉၅ ပြားနှင့် ဆေးခြောက် ၅ ဂရမ် သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ရမိသည့် မူးယစ်ဆေးဝါးများအား ရောင်းချပေးသူ အေးလွင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၁၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ထိုနေ့ မွန်းလွဲပိုင်းတွင် ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၈)ရပ်ကွက်၊ ဝေဘာဂီလမ်းမ၊ အမှတ်(၃၆၇)ရှိ လက်ဘက်ရည်ဆိုင်တွင်တွေ့ရှိသူ လှိုင်ထွန်း အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊

ထို့အတူ နံနက် ၉ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ တိန်းလုံ(ရှေ့)ကျေးရွာအုပ်စု၊ ဝိန်းပန်းကျေးရွာနေ ရော်ကျိန်ဟုန်(ခ)အားဟုန်၏ တောင်ယာတဲအား ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေး ပြား ၂,၈၀ဝ ကိုလည်းကောင်း အလားတူ မူဆယ်မြို့နယ်၊ တိန်းလုံ (ရှေ့) ကျေးရွာအုပ်စု၊ ဟိုပေါ့ကျေးရွာအရှေ့ဘက်ရှိ အိုက်ဆမ်၏ တောင်ယာတဲအား ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၉၀  လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၂၂ နာရီ ၁၅ မိနစ်က တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်း၊ အမှတ်(၈/၁၆၈)နေ ဦးကျအူ၏ နေအိမ်အခန်းအမှတ်(၂)အား ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား Mr. Somphong Sawat Chadet အား တွေ့ရှိရပြီး အိုက်စ် ဝဒသမ၂၅ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

MDN