နေပြည်တော်   ၁၁  အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီက တမူးမြို့နယ်၊ ခမ်းပါတ်မြို့၊ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာအနီး၊ ကလေး-တမူးသွား ကားလမ်းတွင် လားချွန်မောယာ (ခ)မောယာ မောင်းနှင်ပြီး ဇိုင်းမိုင်းထန်းငါ၊ ရန်လင်းအောင်(ခ)မားလူနာ လိုက်ပါလာသည့် Minibus 4x2(R) အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်အားရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊ 

အလားတူ အောက်တိုဘာ ၁၀ ညနေ ၇နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့-နန့်စီးအောင် သွားကားလမ်း နန့်စီးအောင် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် သန်းလွင်ဦး မောင်းနှင်ပြီး မင်းမင်းလတ်နှင့် ဟန်လင်းအောင်တို့ လိုက်ပါလာသည့် Nissan Diesel Truck ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ၁၇,၄၆၀ ကီလိုကို လည်းကောင်း၊

ထို့အတူယင်းနေ့ မွန်းလွဲ၁နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီး၊ ရွာငံ-မြို့ကြီး - ဟန်မြင့်မိုရ်သွားကားလမ်းတွင် Hiace အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာနှင့် ရွာငံမြို့နယ်၊ ကညို့ကျေးရွာ နယ်နိမိတ်အစပ်ရှိ တောစပ်တွင် ယာဉ်မောင်းအားမတွေ့ရှိဘဲ ရပ်တန့်ထားသည်ကိုတွေ့ရှိသဖြင့် ရှာဖွေရာ ငွေကျပ်သိန်း ၂၇၃၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ ဒ ၂ သိန်းကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား