နေပြည်တော် ၁၂   မေ

 

ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် နံနက်ပိုင်းတွင် ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာအနီး၊ မိုင်းချောင်း-သငါကျေးရွာကား လမ်းတွင် ကျော်ဝင်း မောင်းနှင်ပြီး ဘဝင်း လိုက်ပါလာသည့်မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ဆပ်ပြာခွက် ၂၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၉၀ ဂရမ် သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ရေပို့ကုန်းကျေးရွာ၊ ငှက်ပျောတောကျောင်းတိုက်ရှေ့ လမ်းပေါ်တွင် ရဲဝင်းနိုင်(ခ)ဂျပန်ကြီး မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း။

 

ထို့အတူ ညနေ ၅ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံခုနှစ်ဆင့်လမ်းဆုံအနီးတွင် တရုတ်နိုင်ငံသားများ ဖြစ်ကြသည့် ဇစ်ကျီဟောင်၊ ချိန်ချိန်နှင့် ချိုက်လွေတို့အားရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၈ တုံး၊ ဘိန်းဖြူဘလောက်တုံးငယ် ၁၂၀ တုံး(စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၃ ဒသမ ၄ ကီလို)နှင့် တရုတ်နိုင်ငံသုံးယွမ်ငွေ ၂၀ဝ တို့ကို လည်းကောင်း။

 

အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်က မဘိမ်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မအူကုန်းကျေးရွာနေ ဆန်းထွေး၏နေအိမ်ကို ရှာဖွေရန်ဝင်ရောက်စဉ် ၎င်းမှနေအိမ်၏ အရှေ့ဘက်ခြံစည်းရိုးစပ်သို့ လွယ်အိတ်တစ်လုံးကို လွှင့်ပစ်လိုက်၍စစ်ဆေးရာ ၎င်းလွယ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၅၀ နှင့် ဘိန်းဖြူ ၃၂ ဂရမ် တို့ကို လည်းကောင်း။ 

 

ညနေ ၆ နာရီခွဲတွင် မဘိမ်းမြို့နယ်၊ ငါးအိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာ၏အရှေ့တောင်ဘက်၊ ငါးအိုး-မဘိမ်းကားလမ်း အရှေ့ဘက်ခြမ်းရှိ ဝါးရုံတောထဲတွင် မသင်္ကာဖွယ်ရာ ဆာလာအိတ်အထုတ်များတွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဆပ်ပြာခွက် ၁,၇၀၆ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၇ ဒသမ ဝ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄,ဝ၀ဝ နှင့် ငွေကျပ် ၂၀,၃၀ဝ,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN