နေပြည်တော် ၈ စက်တင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာ- ယာကြီး- ကလေးဝကားလမ်း (၅၆)မိုင်အနီး မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂)တန်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာ တောင်ဘက်အင်တိုင်းကုန်းကြိုး ဝိုင်းအစပ်မှ တရားမဝင်အင်သစ် (၅)တန်၊ ကလေးဝ-ရေဦး ကားလမ်းမိုင်တိုင် အမှတ် (၁၀၂/၁) မိုင်အနီး မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်အင်သစ် (၁၆)တန်၊ မောက္ကတော်-အောင်ချမ်းသာ ကားလမ်းဘေးနေရာတွင် တာယာဘီးတပ်လှည်း(၄)စီးပေါ်မှ တရားမဝင် ကျွန်း/ အင်/ ကညင်သစ် (၂၂)တန်၊ မင်းကင်းမြို့နယ်၊ ရှဲကျေးရွာအနီးမှ တရားမဝင်အင်သစ် (၉)တန်၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းကျေးရွာအုပ်စု၊ မြို့ဒင်ကျေးရွာအနီးမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အင်သစ်/ခွဲသား (၁၇)တန်၊ လွှဝိုင်း(၁)ဝိုင်းနှင့်အတူ ဒလိမ့်တုံး(၂)ခု၊ အုတ်တွင်းမြို့နယ်၊ ရေသိုးကျေးရွာအနောက် ဘက်လယ်ကွင်းစပ်အနီး မော်တော်ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၄)တန်၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း အကွက်အမှတ်(၉၄)နှင့် ရဲနွယ်တိုးချဲ့ကြိုးဝိုင်းအတွင်းမှ တရားမဝင်ကျွန်းခွဲသား (၃)တန်၊ မီးသွေး (၆၁)တန်၊ စက်လှေ(၂)စီးနှင့် ဆက်စပ်ပစ္စည်းများ၊ ဂွမြို့နယ်၊ ဒေသအခေါ် ဒိုးခြုံပေါက်၊ ကျေက်ကွင်းပေါက်၊ (၁၅)မိုင်ပေါက်၌ တရားမဝင် တောင်သရက်ခွဲသား (၉)တန်အား ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် မူဆယ်မြို့နယ်၊ ရထိုက်လမ်းဆုံ၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး မော်တော်ယာဉ် (၅)စီးပေါ်မှ တရားမဝင်မီးသွေး တန် (၆၀)နှင့်အတူ တရားခံ(၈)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)