နေပြည်တော်  ၁၀ စက်တင်ဘာ 

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက် အရ စက်တင်ဘာ ၈ ရက်တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ပန်းတောင်း မြို့နယ်၊ သူရဲတန်းကြိုးဝိုင်း အကွက်အမှတ် (၃၀)၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းဘေး တရားမဝင် ပျဉ်းကတိုး/ စကားဝါခွဲသား (၇)တန်၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကြိုးဝိုင်းအကွက် အမှတ်(၁၈၂)၊ ထိန်ကူးကျေးရွာ၏ အနောက်တောင်ဘက် (၆ ဒသမ ၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်းသစ် တန် (၃၀)နှင့် (၃)ပေအောက် ကျွန်းသစ်(၃)လုံး၊ (၁)တန်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်း မုံရွာ-ယာကြီး- ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် (၅၁/၆)မိုင်၏ မြောက်ဘက် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂)တန်အား ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ ခြံပိုင်ရှင် ဦးကျော်လင်းထွန်း(ခ) ဦးမှတ်ကြီး၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ပိတောက် ခွဲသားဆိုဒ်စုံ (၂၃)တန်နှင့်အတူ တရားခံ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)