နေပြည်တော် ၇ ဒီဇင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၃ ရက်အတွင်း သစ်တောဦးစီးဌာန မှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး- ကံလှ- ကံသာ- ဝင်တဲကူ-သစ်ပုတ်ပင်သွား ဖွံ့ဖြိုးရေးလမ်းဘေး၊ ရှမ်းစုရွာနှင့် ကံလှကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၃၁၆၀) တန်နှင့် ဆိုင်ကယ်(၁၁)စီး၊ ကျွန်းလှမြို့နယ်၊ ယဘင်းကြိုးဝိုင်း အကွက်အမှတ် (၃၃)၊ ပြောင်သွယ် ကြိုးဝိုင်းအကွက်အမှတ်(၆၃)၊ မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ် (၁၁၆) အတွင်း တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်/ယမနေသစ် (၂၁ ဒသမ ၀၆၁၄) တန်နှင့် သစ်စက်၊ ဆက်စပ်ပစ္စည်းများ၊ ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းနှင့် ရွှေကျင်ကြိုး ဝိုင်းအတွင်း မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ ကညင်သစ်/ခွဲသား (၂၄ ဒသမ ၇၂၉၄) တန်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်အဆိုပြုကြိုးပြင် ကာကွယ်တောနှင့် အင်တိုင်းကုန်း ကြိုးဝင်း အတွင်းတို့မှ တရားမဝင် ကျွန်း/သစ်ယာ/သရက် (၃၃ ဒသမ ၉၉၃၆)တန်နှင့် ထွန်စက်နောက် တွဲ(၅)စီး၊ တောင်ငူမြို့နယ်၊ တောင်ငူ-လိပ်သိုကားလမ်းဘေး၊ အင်းဝိုင်းကျေးရွာတွင် မော်တော်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇ ဒသမ ၁၇၄၄)တန် အား ဖမ်းဆီး ရမိခဲ့သည်။
ထို့အပြင် သရက်မြို့နယ်၊ မြောက်မင်းတည်ရပ်ကွက် ဦးသိန်းလွင်၏ သစ်စက်ဝန်း အတွင်း (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၉ ဒသမ ၄၉၂၀)တန်နှင့် တရားခံ (၁)ဦး၊ လွိုင်ကော်မြို့နယ်၊ ထေးငှားလျားကန်အနီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်/ ကျွန်းတံခါးရွက်/ ကျွန်းပန်ပုရုပ်/ ကျွန်းဗုံတို/ ကျွန်းပင်စည်ပြား/ ကျွန်းမြစ်ဆုံ (၁ ဒသမ ၉၃၃၅) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)