နေပြည်တော် ၁ ဇူလိုင်

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၆ ရက်မှ ၃၀ ရက်အတွင်း မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖမ်းဆီးရမိမှုအနေဖြင့် ကနီမြို့နယ် ရေဖြူကျေးရွာအနီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄)တန်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်အပတောအတွင်း တရားမဝင် ကညင်သစ် (၁၀)တန်၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ် (၈၁၊ ၈၂)၊ ယူးချောင်းအနီးမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၁)တန်၊ မင်းကင်းမြို့နယ်၊ မြောင်းဇင်းချောင်းဘေးမှ တရားမဝင် လုံးပတ် (၃)ပေအောက်အင် (၁၇)တန်၊ အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းမိုင်တိုင် (၇၃/၆)၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ် (၆၃၊ ၉၅) နေရာများမှ တရားမဝင်ကျွန်းသစ် (၄)တန်၊ အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုကျေးရွာနေ ဦးတင်သောင်း၏ အိမ်ခြံဝင်းနှင့် လယ်ကွင်းစပ်ကြားမှ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသား (၅)တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)