နေပြည်တော်၊ ဇန်နဝါရီ ၂၈
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ (၆)၊ စိန့်ဂျွန်းလမ်းတွင် ထန်သင်လွယ် (ခ) အားလွယ် မောင်းနှင်လာသည့် LAND CRUISER PRADO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုကိုလည်းကောင်း၊ ထို့ပြင်ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာအနီးတွင် အောင်ထွန်းသန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅,၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်