နေပြည်တော် ၁၆ မေ
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၄ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်က နယ်မြေအတွင်းစစ်ဆေးနေစဉ် ပျော်ဘွယ်မြို့၊ ရှမ်းပွဲရပ်ကွက်၌ အဆိုပါရပ်ကွက်နေ အောင်အောင်စိုး (၃၄)နှစ်အား လည်းကောင်း၊ အလားတူ ည ၁၁ နာရီတွင် ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်းစစ်ဆေးနေစဉ် ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာအနီး၌ ဇီးကုန်းမြို့၊ (၁)ရပ်ကွက်နေ ကိုထက်(၁၉)နှစ်ပါ အမျိုးသား ၂ ဦးအားလည်းကောင်း။
အလားတူ ည ၁၁ နာရီ ၄၅ မိနစ်က ပုတီးကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၌ ပုတီးကုန်းမြို့၊ ညောင်တန်းကျေးရွာနေ ဇေဖြိုးပိုင်(ခ)ဇေဖြိုး (၂၆)နှစ်အား လည်းကောင်း၊ မေလ ၁၅ ရက်နေ့ ည ၁ နာရီက မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ (၅)ရပ်ကွက်၌ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာနေ နေမျိုးထွန်း(၂၈)နှစ်ပါ ၃၂ ဦးအားလည်းကောင်း၊ ယင်းနေ့ ည ၁ နာရီခွဲတွင် ချမ်းမြသာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၌ အဆိုပါ ရပ်ကွက်နေ ဉာဏ်ပိုင်ငြိမ်း(၂၆)နှစ်အား လည်းကောင်း၊ ယင်းနေ့ နံနက် ၃ နာရီတွင် ဖောင်တော်သီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာအနီး၌ ဒိုက်ဦးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာနေ ပိုင်ခန့်ကိုကို(၂၁)နှစ်ပါ ၂ ဦးအား လည်းကောင်း အသီးသီးဖမ်းဆီး ရမိသဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများသို့ ဦးတိုက်လျှောက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား