တောင်ကြီး၊ ၁၉  ဒီဇင်ဘာ  

မြန်မာနိုင်ငံတစ်ဝှမ်းတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေသဖြင့် တောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာနေပြည်သူများအား စားသုံးရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ  ပူးပေါင်းက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် နမ့်ဆီးကျေးရွာအုပ်စု၊ နောင်ချို ကျေးရွာသို့ဆန်နှင့် သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းနှင့် ဦးဝင်းနိုင်းစိုး ဦးဆောင်သော စေတနာ့ဝန်ထမ်းများက နောင်ချိုကျေးရွာသစ် အိမ်ထောင်စု ၃၇ အိမ်ရှိသည့်အနက် အိမ်ထောင်စု ၂၃ စုအတွက် ဆန်အိတ်၂၃ အိတ်အား အိမ်ထောင်စု တစ်စုလျှင် ၂၄ ပြည့်အိတ်တစ်အိတ် နှင့်သောက်ရေသန့် များကိုကျေးရွာအရောက် သွားလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)