ကျောက်တံခါး ဒီဇင်ဘာ ၁၁

မြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးမှုဖူလုံ‌‌စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က  ကျောက်တံခါးမြို့နယ် ဒေသဖွံဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ်ဆေးရုံအဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်()သိန်း ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေး သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိပြီး မွေးမြူရေးအပြင် ငါးကန်ဘောင်များတွင် ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်‌ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)