နတ်မောက် နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှအင်းကုန်းဘက်စုံစံပြ ကျေးရွာရှိတောင်သူများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူ အသိပညာပေးဆွေးနွေးပွဲနှင့် GAP စနစ်ဖြင့်စိုက်ပျိုးသော တောင်သူများအား မျိုးစေ့နှင့်ပိုးသတ်ဆေး များ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ထိုသို့ထောက်ပံ့ပေးခြင်းအားဖြင့် နတ်မောက်မြို့နယ်အတွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသောသီးနှံများစိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတကာစျေးကွက်သို့တင်ပို့နိုင်ရေးအတွက် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်များကို GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းဘက်စုံစံပြကျေးရွာရှိတောင်သူ (၄၀)  အား သဘာဝပိုးသတ်ဆေး၊ မျိုးစေ့နှင့် ရွက်ဖျန်း မြေဩဇာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်