ကြို့ပင်ကောက်၊    ၂၅   ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ် ပေးနိုင်ရေးအတွက် ရပ်ကွက်နှင့် မြို့နယ်အဆင့် အများယုံကြည်လေးစားရသော ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ပုဂ္ဂိုလ်များ ဖွဲ့စည်းပေးနိုင်ရေးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲ ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေများကို အသေးစိတ် ရှင်းလင်းအသိပေး ပြောကြားခဲ့သည်။

 

မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်လောင်း လျှောက်လွှာများကို မြို့နယ်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ထံသို့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တင်သွင်း လျှောက်ထားရမည် ဖြစ်ပြီး မြို့နယ်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကော်မတီဝင်လောင်းများ အမည်စာရင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)