ရန်ကုန် ၁၂ ဇွန်
မိုးအေးအေးဖြင့် သီချင်းများ နားဆင်နိုင်ရန်အတွက် တေးသံရှင် ဖြိုးပြည့်စုံ အဆွေးသီချင်းပုံစံ သီဆို ထားသည့်“မျက်ရည်မိုး”သီချင်း Music Video ကို V7 Entertainment မှ ပရိသတ်အတွက် တင်ဆက်ထားကြောင်း သိရသည်။
“Stay Home ကာလမှာ ပရိသတ်တွေ နားဆင်နိုင်ဖို့အတွက် V7 Entertainment ကနေ သီချင်းဟောင်းလေး တစ်ပုဒ်ကို ပြန်ရိုက်ကူးပြီးတော့ တင်ဆက်ပေးမှာပါ။ မိုးရာသီနဲ့ လိုက်ဖက်တဲ့ အ ဆွေးသီချင်းလေးပါ။ တေးရေး ကီးရှိန် ရေးပေးထားတဲ့ မျက်ရည်မိုးဆိုတဲ့ သီချင်းလေးပါ။ကိုယ့်တိုင် မျှော်လင့်ထားတဲ့ သီချင်းမို့ ပရိသတ်တွေ လည်း အကြိုက်တွေထပ်တူကြပါစေလို့ မျှော်လင့်ပါတယ်”ဟု တေးသံရှင် ဖြိုး ပြည့်စုံက ပြောသည်။
အဆိုပါ “မျက်ရည်မိုး”တေးသီချင်းကို ဒါရိုက်တာ ပြည့်ဖြိုးနိုင် Myanmar Media 7 က သရုပ် ဆောင် များဖြစ်သည့် ဗညားဘုန်းပြည့် နှင့် ရည်မွန်ကြည်တို့က ပါဝင်သရုပ်ဆောင်ထားပြီး Triangle Music Band ဖြင့် တီးခတ်ထားကြောင်း သိရသည်။
Stay Home ကာလတွင် V7 Entertainment မှ ဇွန်လအတွင်း တေးသံရှင် ၄ ဦးဖြစ်သော ဖြိုးပြည့်စုံ ၊ အိုင်းရင်းဇင်မာမြင့် ၊ Jewel နှင့် မေ တို့သီဆိုထားသော တေးသီချင်းများကို ပရိသတ်များအတွက် Music Video များရိုက်ကူးပြီး အွန်လိုင်းမှ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း


