ကော့သောင်း ၂၁ အောက်တိုဘာ

 

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ Dhama kaya foundation တို့ ပူးပေါင်းပါဝင်မှုဖြင့် ဓမ္မစကူးကျောင်းသားကျောင်းသူများ၏ အောက်တိုဘာလ ၂၀ ရက် ညပိုင်းက ကော့သောင်းမြို့၊ ရန်ကြီးအောင်ဘောလုံးကွင်း၌ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီး(၅၀ဝ၀)ပူဇော်ပွဲ နှင့် မီးပုံးပျံ(၃၀ဝ၀) လွှတ်တင်ပူဇော်ပွဲအား စတုထ္တအကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပူဇော်ပွဲတွင် တစ်မြို့နယ်လုံးရှိ ဓမ္မစကူးကျောင်းမှကျောင်းသားကျောင်းသူ (၅၀ဝ၀) ကျော်ခန့် သက်ဆိုင်ရာ စုရပ်အသီးသီးမှဆီမီးကြာခွက်ငယ်များ ကိုင်ဆောင်စီတန်း၍ ကွင်းအတွင်း စုရုံးနေရာယူကာ ဆရာတော် သံဃာတော်များထံမှငါးပါးသီလခံယူဆောက်တည် အနုမောဒနာ တရားနာယူကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံတော် ဓမ္မစကူး ဖောင်ဒေးရှင်း ဥက္ကဌ ဘဒ္ဒန္ဒသီရိကဉ္စနာဘိဝံသဆရာတော်မှ သရဏီယကထာမြွတ်ကြားတော်မှုပြီး ထိုင်းနိုင်ငံ Dhama kaya foundation ဆရာတော် မှ ကျေးဇူးတင် ထုတိသြဘာ ဝမ်းမြောက်စကားမြွက်ကြားသည်။

 

ထို့နောက်တက်ရောက်လာသည့်ဧည့်ပရိသတ်များနှင့် ကျောင်းသားကျောင်းသူများမှ လုံးစုံများစွာ အစချီသည့် မေတ္တာပို့ဖြင့် မေတ္တာပို့ဆုတောင်းကြပြီးတာဝတိသာနတ်ပြည်ရှိ စူဋ္ဌာမဏိ စေတီတော်မြတ်ကြီးအား ရည်စူးအာရုံပြု၍  စနစ်တကျ ဆီမီး(၅၀ဝ၀) ပူဇော်ကြပြီး မီးပုံးပျံအလုံး (၃၀ဝ၀) ကိုတစ်ပြိုင်နက်တည်း လွှတ်တင်ပူဇော်၍ ဗုဒ္ဓဘာသာယာဉ်ကျေးမှု မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာဆင်နွှဲကြခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း )