ပေါက် ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး တိရစ္ဆာန်မျိုးကောင်းမျိုးသန့် မျိုးပွားရေးအတွက် မေထုန်မဲ့ သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိန်ဝင်းထံမှ သိရသည်။
ပေါက်မြို့နယ်တွင် မေထုန်မဲ့ သားစပ်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရိရာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ နွားမကောင်ရေ (၂၃၅)ကောင်ကို မျိုးပွားနို့ရည်ချောင်း အခမဲ့ဆောင်ရွက်ခဲ့ပြီး အဆိုပါသားစပ်ခြင်းလုပ်ငန်းမှ ခိုင်းနွားအနေဖြင့် နွားရွှေနီနှင့် နွားပြာစိမ်း၊ နို့စားနွားအနေဖြင့် မရီရှန်၊ အသားစားနွားအနေဖြင့် ဘရာမင်နွားမျိုးများ ပေါက်ဖွားလာမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဉာဏ်တိုး(ပေါက်)


