ကန်ပက်လက် ၂၅ အောက်တိုဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ တွေ့ဆုံပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ပြုလုပ်ကြသည်။
ယင်းတွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမြမောင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကီးလောက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များမှသိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးကြပြီးနောက် ယင်း ဆွေးနွေးချက်များအပေါ် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရပါသည်။
ကိုလိန်း(ပြန်/ဆက်)


