အင်ဂျန်းယန်၊    ၁၆  ဒီဇင်ဘာ 

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ မဲရုံသုံးပစ္စည်း ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့်မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ အလျား ၄၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ၊ RC တစ်ထပ် စုစုပေါင်း ၁၇၂၈ စတုရန်းပေနှင့် ရုံးမြေအကျယ်အဝန်း ပေ ၁၀၀ × ၁၀၀ ပတ်လည်အတွက် Chain Link ကွန်ကရစ်ကျောက်တိုင်ခြံစည်းရိုးပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်ထံမှ သိရသည်။ 

ကျော်စိုးနိုင်(ပြန်/ဆက်)