စေတုတ္တရာ ၉ ဇွန်        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဉီးစီးဌာမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသခံပြည်သူများအား သစ်ပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်များ  (၄၀၀၀)ကျော် အခမဲ့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။

 

မြို့နယ်သစ်တောဉီးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ အပူချိန်မြင့်မားမူ လျော့ကျစေရန် ရည်ရွယ်ပြီး မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၂၅၀၀၀) အခမဲ့ ဖြန့်ဝေနိုင်ရန် လျာထားလျက်ရှိပြီး ဇွန်လဆန်းမှ စတင်ဖြန့်ဝေလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွန်း(၁၁၃၄)ပင်၊ မယ်ဇလီ(၁၇၀၀)ပင်၊ ပိတောက်ပင်(၃၁၆)ပင်၊ ပျဉ်းကတိုး(၂၇၅)ပင်၊ ၊ စိန်ပန်းပင်(၁၀၀)၊ ထနောင်းပင်(၁၀၀)၊ စစ်(၁၀၀)၊ ယူကလစ်(၃၀၀) ပျိုးပင်များ စုစုပေါင်း(၄၀၀၀)ကျော်ကို ဖြန့်ဝေထားကြောင်း သိရသည်။

 

ဆက်လက်၍ မြိုပေါ်နေ ဒေသခံပြည်သူများအား ဖြန့်ဝေပေးနိုင်ရန်ဆောင်ရွက်ထားကြောင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးရန် ဆောင်ရွက်ထားကြောင်းနှင့် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းဝန်းများတွင် ပျိုးပင်များကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)