ပဲခူး အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ဒေသထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတွင် ကုန်ပစ္စည်းအရည်အသွေးအပြင် ထုပ်ပိုးမှုစနစ်သည်လည်း အရေးကြီးသဖြင့် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းရရှိရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် ပတ်သက်ပြီး လိုအပ်သည်များ ထပ်မံဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)