မြို့နယ်တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ် ထန်တလန်၌ ဖွင့်လှစ်

ထန်တလန်  ၄  ဇန်နဝါရီ 

ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ထန်တလန် မြို့အမှတ် (၁)ရပ်ကွက် တိုင်းရင်းဆေးကုဌာန အဆောက်အဦရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

mdn

အဆိုပါ မြို့နယ် တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်း၊ ဟားခါးမြို့တိုင်းရင်းဆေးကုဌာန(၁၆)ကုတင်ဆံ့ဆေးရုံအုပ်ကြီး ဒေါ် နီနီဝင်းနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်း၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ဟားခါးမြို့တိုင်းရင်းဆေးကုဌာနမှ ဆေးရုံအုပ်ဒေါ်နီနီဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 (ပြန်/ဆက်)

mdn