မိုင်းပန် ၁၆ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များသည် လမ်းအထူးအဖွဲ့(၅)၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း၊ စာသင်ကျောင်းသစ်ဆောက်လုပ်ခြင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆန်း (မိုင်းပန်)


