တံတားဦး   ၆  ဖေဖော်ဝါရီ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့နယ်တရားရုံး ရုံးသစ်အဆောက်အဦ ဆောက်လုပ်နိုင်ရန် ပန္နက်တော်တင်မင်္ဂလာကို ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က တံတားဦးမြို့နယ် ပန်းယျ ကျေးရွာအနီး ရုံးသစ်မြေနေရာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးမြင့်ဆန်း တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးမင်းမင်းနီ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ကျောက်ဆည်ခရိုင် တရားသူကြီးနှင့် တာဝန်ရှိသူများမှ ရုံးအဆောက်အဦသစ်ဆောက်လုပ်နိုင်ရန်အတွက် မြေနေရာကို    မင်္ဂလာအချိန်တွင် ပန္နက်တော်တင်ပေးကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး ကြသည်။

           

မြို့နယ်တရားရုံအဆောက်အဦကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျတ်ခွင့်ပြု ငွေကျပ်သန်း ၆၃၄.၃၉ ဖြင့် အလျား ၁၄၇ ပေ ၊ အနံ ၅၆ ပေရှိ  RC နှစ်ထပ် အဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ခေတ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ကြောင်း မြို့နယ်တရားသူကြီး ဒေါ်စန်းစန်းဝင်း ထံမှသိရသည်။

           

အဆိုပါ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ၊ ကျောက်ဆည်ခရိုင် တရားသူကြီးနှင့် ခရိုင်အတွင်းရှိ တရားသူကြီးများ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရဲတင့်