mdn

နေပြည်တော် ၅ ဇွန်

 

နိုင်ငံတကာရှိ လူဦးရေထူထပ်သော မြို့ပြကြီးများတွင် မြေပြင်လမ်းများအပြင် မိုးပျံလမ်း၊ မြေအောက် လမ်းများတည်ဆောက်ပြီး ကား၊ ရထားများ ပြေးဆွဲခြင်းဖြင့် ပြည်သူလူထု သွားလာမှုလွယ်ကူစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ မြို့ပြများကို စနစ်တကျတည်ဆောက်ထားသော နိုင်ငံများတွင် ထိုစီမံကိန်းများကိုတည်ဆောက်ရန် အခက်အခဲမရှိသော်လည်း မြို့ပြဖွံ့ဖြိုးမှုကို အဆင်ပြေသလို တည်ဆောက်ထားသော မြို့ကြီးများအဖို့အခက်အခဲများစွာရှိမည် ဖြစ်သည်။

 

နိုင်ငံတကာရှိ လူဦးရေထူထပ်သော မြို့ပြကြီးများတွင် မြေပြင်လမ်းများအပြင် မိုးပျံလမ်း၊ မြေအောက်လမ်းများတည်ဆောက်ပြီး ကား၊ ရထားများ ပြေးဆွဲခြင်းဖြင့် ပြည်သူလူထု သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ မြို့ပြများကို စနစ်တကျတည်ဆောက်ထားသော နိုင်ငံများတွင် ထိုစီမံကိန်းများကိုတည်ဆောက်ရန် အခက်အခဲမရှိသော်လည်း မြို့ပြဖွံ့ဖြိုးမှုကို အဆင်ပြေသလိုတည်ဆောက်ထားသော မြို့ကြီးများအဖို့အခက်အခဲများစွာရှိမည် ဖြစ်သည်။

 

မိုးပျံလမ်းစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းသည်ရန်ကုန်မြို့၏ တောင်ဘက်ရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါအထူးစီးပွားရေး ဇုန်နှင့် မြောက်ဘက်ရှိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ရန်ကုန်စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အကြား ဆက်သွယ်မှု တိုးတက်အောင် ရည်မှန်းဆောင်ရွက်ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ထားသည်။

 

ထို့အပြင် ရန်ကုန်မြို့ရှိ တောင်-မြောက် ဆက်သွယ်ထားသည့်လမ်းကြောင်းများပေါ်တွင် အလွန် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ကုန်ဆုံးခြင်း၊ ယာဉ်မောင်းနှင်မှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှု ပိုမိုအားနည်းလာခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကိုလည်း လျော့ကျနိုင်စေမည် ဖြစ်သည်။

 

ရန်ကုန်မိုးပျံကားလမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အကောင်အထည်ဖော်မည်ဖြစ်သည်။ မိုးပျံရထားလမ်းစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်၍ ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန်လျာထားသည်။ မိုးပျံရထားလမ်းစီမံကိန်း၏ ရထားလမ်းပိုင်း(၁)ကို လှိုင်သာယာဘူတာမှစတင်ပြီး ရန်ကုန်-ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကိုဖြတ်ကျော်၍ ပါရမီဘူတာအထိ ဖြစ်သည်။ လမ်းပိုင်း (၂)ကို ပါရမီဘူတာမှ တိုးကြောင်ကလေးဘူတာအထိ သတ်မှတ်ထားသည်။

 

 လမ်းပိုင်း(၁)မှာ လှိုင်သာယာဘူတာမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာ ရှည်ပြီး တိုးကြောင် ကလေးသို့ ၃၅ မိနစ်ကြာ ပြေးဆွဲနိုင်မည်ဖြစ်သည်။စီမံကိန်းအောင်မြင်ရန်အတွက် မိုးပျံလမ်း အတွေ့အကြုံရှိသော နိုင်ငံတကာကုမ္ပဏီများဖြင့် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာအဆင့်နှင့်လျော်ညီစွာ စည်းကမ်းတကျ သွားလာကြရ မည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရာ၌ လမ်းနယ်မလွတ်သည့် နေအိမ်ဧရိယာများ နည်းနိုင်သမျှ နည်းအောင် ရှောင်ကွင်းထားပြီး ကြီးမားသောအဆောက်အအုံများနှင့် ကင်းလွတ် သည်ဟု သိရသည်။ အကယ်၍ လမ်းနယ်မလွတ်ပါကလည်း ပြည်သူများအား ပွင့်လင်းမြင်သာ စွာချပြပြီး သတ်မှတ်တန်ကြေးများ အတိုင်းရရှိအောင် ဆောင်ရွက်ပေးမည်ဟု သိရသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး၊ အကြီးမားဆုံး စီးပွားရေးမြို့တော်ကြီးဖြစ်သည့် ရန်ကုန်မြို့ကြီးတွင် နိုင်ငံတကာအဆင့်နှင့်လျော်ညီစွာ တည်ဆောက်သွားမည့် အဆိုပါစီမံကိန်းသည် မြို့ပြဂုဏ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စွာဖြစ်ပေါ်လာရေး၊ ရန်ကုန်မြို့တွင် ဖြေရှင်းမရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာပြေလည်စေရေး၊ ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်၍ မြို့နေမိဘပြည်သူလူထုအားလုံးတို့အနေဖြင့် မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းများ အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ကြေးမုံ