ဘူးသီးတောင် ၂၅ ဇွန်

မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက အဖွင့်အမှာစကားပြောကြားပြီး မောင်တောခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသာကျော်က လုပ်ငန်းလမ်းညွန်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက မျိုးစပါးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုးစပါးလျာထားချက် မှာ(၅၄၃၅၀) ဧက ရှိရာ ဘူးသီးတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးရေးဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် မျိုးသန့်စံပြရွာမျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀၊ မျိုးစေ့ထုတ်လုပ်သူများ အသင်း(SGA)ပုံစံဖြင့် (၁၀)ဧကစံပြကွက်/စမ်းသပ်ကွက်များ ပြုလုပ်ခြင်းနှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ စိုက်ခင်း(၅၀၈) ဧကတို့အတွက် မျိုးသန့်ပွားများရေး လုပ်ငန်းတို့အတွက် မျိုးကောင်းမျိုးသန့် မျိုးစပါးများထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးလှရွှေ၊ မောင်တောခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးသာကျော်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ညီ၊ ဌာနဆိုင်ရာအကြီးအကဲများ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွေ၊ မောင်တောခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ညီနှင့် မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်လျက်ရှိသော အကျိုးတော်ဆောင်တောင်သူများ(ကိုယ်စား) ဦးမောင်သန်းဝင်း(သပြေတောကျေးရွာ)မှ အသီးသီးလက်ခံရယူခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN