မိုင်းရှူး  ၁၄   မေ

 

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်လျော့ကျစေရေးအတွက် မြို့နယ်တိုင်းရှိ သစ်တောဦးစီးဌာနများ အနေဖြင့် မိုးရာသီတွင် အပင်များစိုက်ပျိုးနိုင်ရန် ယခုကာလတွင် ပျိုးပင်များ ပျိုးထောင်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းပင် ၁၀ဝ၀၊ ရေသင်းဝင် ၄၀ဝ၀၊ မယ်ဇလီပင် ၄၀ဝ၀၊ စိန်ပန်းနီ ၁ဝဝဝ၊ စိန်ပန်းပြာ ၂၅၀ဝ၊ ချယ်ရီပင် ၁၅၀ဝ၊ စုစုပေါင်းပျိုးပင် ၁၄၀ဝ၀ ပျိုးထောင်ထားကြောင်းနှင့် အဆိုပါပျိုးပင်များအား မိုးရာသီကာလတွင် အခမဲ့ဖြန့်ဝေပေးမည့်အပြင် ဌာနဆိုင်ရာများ၊ ကျောင်းများနှင့် မြို့ဝင်/မြို့ထွက် လမ်းဘေးဝဲ/ယာတို့တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မိုင်းရှူးမြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံ ဦးဇော်ဝင်းထံမှ သိရသည်။

 

စိန်လှိုင်(ပြန်/ဆက်)