ကာလိ ၈ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှူး ဆရာမဒေါ်နန်းစီစီဦးက ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်း(၆)ဦးနှင့် မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ် အဘိတ်ဆေးများ ခတ်ပေးခြင်း လုပ်ငန်းများအား ယနေ့နံနက် ၉ နာရီက ကာလိမြို့ အမှတ်(၁၊၂)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့မဈေးပတ်လည်ရှိ ရေမြောင်းများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူလူထု၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတို့မှ မိုးရာသီကာလအတွင်း ရေသိုလှောင်ကန်များ၊ ရေတိုင်ကီများ၊ ရေမြောင်းအတွင်းသို့ သွေးလွန်တုပ်ကွေးရောဂေါဖြစ်ပွားစေသည့် ခြင်လောက်လန်း နှိမ်နင်းရေးကို ဖုံး၊သွန်၊လဲ၊စစ် အဘိတ်ဆေးများ ခတ်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား ကာလိမြို့ပေါ်(၆)ရပ်ကွက်သို့ ဇွန်လ ၈ ရက်နေ့တွင် အမှတ်(၁၊၂)ရပ်ကွက်၊ (၉) ရက်နေ့တွင် အမှတ်(၃၊၄)ရပ်ကွက်၊ ၁၀ ရက်နေ့တွင် အမှတ်(၅၊၆) ရပ်ကွက်အတွင်းသို့ နေ့စဉ်နံနက် ၉ နာရီတွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)


