ရေနံချောင်း ၁၄ ဇွန်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံအဖြစ် ဧက ၈၀ဝ၀ ကျော် စိုက်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခု ၂၀၁၉ ခုနှစ် မိုးရာသီမှာ ဖူးစားပြောင်း ၈၄၀၉ စိုက်ဖို့လျာထားခြင်းဖြစ်ပြီး တောင်သူများ စိုက်ပျိုးနိုင်ဖို့ နှိုးဆော်ထားကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လက်ရှိ ဖူးစားပြောင်းစေ့ကနေ မြန်မာ့ရိုးရာ အစားအစာများတွင် မုန့်မျိုးစုံလုပ်၍ စားသုံးကြကာ ပြောင်းဖူးစေ့ကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုသဖြင့် တောင်သူများ အပိုဝင်ငွေရနေကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)