မိုးညှင်း ၂၁ ဇူလိုင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ရွေွှဘို-မြစ်ကြီးနား ကားလမ်းမကြီးပေါ်ရှိ လွယ်ခမ်းတောင် အကွေ့တွင် ယနေ့နံနက် ၈ နာရီက လမ်းပြုပြင်စဉ် မိုးရွာသွန်းမှုကြောင့် မော်တော်ယာဉ်ကြီးများနှင့် ခရီးသည်ယာဉ်များ ယာယီရပ်ဆိုင်းခဲ့ရပြီး ဘက်ဟိုးယာဉ်များဖြင့် ဆွဲထုတ်ယူခဲ့ရကြောင်း သိရသည်။

 

13

 

" ဒီကနေ့ မနက် ၁ နာရီခန့်က မိုးရွားသွန်းခဲ့လို့ လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာပါ၊ ဒီလမ်းပိုင်းကို မိုးညှင်းမြို့နယ် လမ်းဦးစီးဌာနက တာဝန်ရှိသူတွေက ပြည်နယ် ခွင့်ပြုရန်ပုံငွေနဲ့  ဇွန် ၂၆ ရက်နေ့ ကတည်းက ပြုပြင်နေတာပါ၊ အရှည် ၁၅၀၉ ပေ ကွန်ကရစ်လမ်းခင်းဖို့ ဆောင်ရွက်နေတာပါ၊ အခုလို လမ်းမြေသားတွေ ပြုပြင်နေတုန်း မိုးရွာသွန်းလိုက်လို့ မော်တော်ယာဉ် ခရီးသွားတွေအတွက် ၄ နာရီလောက် ယာယီရပ်ဆိုင်းပြီး ဘက်ဟိုးယာဉ်နဲ့ ကူညီဆောင်ရွက်ပေးနေသလို မော်ဟန်နယ်မြေ မီးသတ်စခန်းမှာ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်" ဟု မော်ဟန်ဒေသ အရံတပ်စုမှူး မောင်ကြီးက ပြောသည်။

 

14

 

“လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့ ကွင်းလမ်းဖြစ်တဲ့ မဏိရတနာ ကျောက်စိမ်းစေတီလမ်းက ပြုပြင်ဖောက် လုပ်ခဲ့ပြီး ဖြစ်လို့ မော်တော်ယာဉ်ငယ်တွေ၊ သုံးဘီးတွေ ဆိုင်ကယ်တွေကို ဒီစေတီကွင်းလမ်းကနေ ဖြတ်သန်းသွားလာခဲ့ရလို့ ခရီးသွားတွေ အဆင်ပြေပါတယ်"ဟု မော်ဟန်ရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါ လွယ်လမ်းတောင်တွင် မော်တော်ယာဉ်များ ၄ နာရီမျှ ယာယီရပ်နားခဲ့ပြီး နံနက် ၉ နာရီတွင် လမ်းပြန်ပွင့်ကာ မော်တော်ယာဉ်များ ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် ၁ မိုင်ခန့်အကွာတွင် တည်ရှိပြီး အရှည် ၄၆၀ မီတာ ၁၅၀၉)ပေရှိသည့် လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့ဖြစ်ကြောင်း သိရသည်။

နီတိုး