ငါ့သရောက်  ၂၃   စက်တင်ဘာ  


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ၊ ကကျဲကျေးရွာနှင့် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာသို့ ဆက်သွယ်ဖောလုပ်ထားသည့် ကျေးလက်ဆက်သွယ်ရေးလမ်းသည် စက်တင်ဘာ ၂၁ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် လမ်းပျက်စီးကာ ကားများသွားလာမှု ခက်ခဲလျက်ရှိကြောင်း စက်စက်ယိုကျေးရွ ာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံမှ သိရသည်။


အဆိုပါ ကျေးလက်လမ်းသည် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာနှင့် ညောင်ဦးမြို့နယ်က ကျဲကျေးရွာကြားတွင် မိုးရွာသွန်းမှုများကာ ဗွက်အိုင်ကြီးများနှင့် ရွံ့များကြောင့် ကားများဖြတ်သန်းသွားရာတွင် ဘီးကျွံခြင်း၊ ကားလေးများ ဗွက်နစ်ခြင်းများကြောင့် ကားများဖြတ်သန်းသွားလာရာတွင် အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။


ထိုကျေးလက်လမ်းသည် ကျောက်ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ၊ ကမ်းဖြူကျေးရွာ၊ ကြီးကန်ကျေးရွာ၊ငါ့သရောက်မြို့ဘက်မှ ကူတောကျေးရွာ၊ ကြို့ပင်သာကျေးရွာ၊ ဗြူကြီးကျေးရွာ၊ ခက်လန်းကန်ကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ မြက်ကတောကျေးနှင့် ညောင်ဦးမြို့နယ် ကကျဲကျေးရွာမှ တောင်ဇင်းကျေးရွာအထိ ဒိုးရိုပေါက်သွားလာလို့ရသည့်လမ်းဖြစ်ကာ ငါ့သရောက်မြို့တောင်ဘက် နယ်များနှင့် ကျောက်ပန်းတောင်း မြို့နယ်ဘက်မှ ကျေးရွာများ အဓိကဖြတ်သန်းကာ ညောင်ဦးမြို့နယ်ဘက်သို့ သွားရောက်ရာတွင် ခရီးအတိုဆုံး ကျေးလက်လမ်းကြောဖြစ်ကြောင်း သိရကာ ပြည်ပခရီးသွား ဧည့်သည်များ စက်စက်ယိုကျေးရွာသို့ လာရောက်ရာတွင် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာဘက်မှအများဆုံးလာရောက်ခြင်း၊ ကျောက်ပန်းတောင်းမြို့နယ် ဘက်မှကျေးရွာအချို့နှင့် ငါ့သရောက်မြို့ တောင်ဘက်ခြမ်းကျေးရွာများ ပုဂံ-ညောင်ဦးသို့ ကျေးလက် ထွက်ကုန်မျာ အဓိကထွက်ကုန် ညောင်ဦးဈေးသို့ သွားရောက်ရောင်းချရာလမ်းဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းကာ ပြုပြင်ပေးစေလိုကြောင်း စက်စက်ယိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှ ပြောပြ၍ သိရသည်။


မောင်မောင်ထိန်၊ကျောက်ပန်းတောင်း