မင်းတုန်း ၁၆ မေ
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီထိမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ၄ ပင် ၄ ပင်သွပ်မိုးတစ်ထပ်နှင့် ၃ ပင် ၃ ပင် သွပ်မိုး တစ်ထပ်တို့လူနေအိမ် ၂ လုံးအမိုးလန် ပျက်စီးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် ပျက်စီးသွားသော နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူး အစီအမံဖြင့် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(မင်းတုန်း)