ဆင်ပေါင်ဝဲ  နိုဝင်ဘာ  ၉

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ်အတွင်းမှ ဇောင်ချမ်းတောင်-ချောင်းသာ ကျေးရွာချင်း ဆက် လမ်းပိုင်း(၃ မိုင် အကျယ်၁၈ ပေ)အား မိုးများရွာသွန်း၍ ပျက်စီးသွားသောကြောင့် ကိုယ်အားကိုယ်ကိုး ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းပြင်ဆင်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဇောင်ချမ်းတောင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှု၊ စေတနာရှင် ရွာသူ၊ ရွာသားများ စုပေါင်းလှူဒါန်းခဲ့ရာ တစ်နာရီ သုံးသောင်းကျပ်နှုန်းဖြင့် အချိန်(၂၅)နာရီအတွက် စုစုပေါင်း(၇၅၀၀၀၀)ကုန်ကျပြီး ပြုပြင်ဆောင်ရွက်ခဲ့သောကြောင့် ဆိုင်ကယ်ဖြင့်သွားလာရာတွင် အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း ဇောင်ချမ်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

ချိုချိုဝင်း(ပြန်ဆက်)