မြို့သစ်   ဒီဇင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ ဆေးရုံလမ်း ရေစီးရေလာကောင်းမွန်ရေး လမ်းဘေးရေနုတ်မြောင်းများ တူးဖော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆေးရုံလမ်း အုတ်စီရေမြောင်း အရှည် ပေ ၄၃၀၊ အကျယ် ၂ ပေခွဲ၊ အနက် ၂ ပေခွဲ ပြုလုပ်ခြင်းကို ၂၀၂၁-၂၀၂၂ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၉ ဒသမ ၈၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းကို ဒီဇင်ဘာ ၂၀ ရက်က စတင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)