မြို့သစ်၊ ၇ ဇွန်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ စာသင်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀'×၃၀') RCC (၂) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ RCC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ် ၁၃၃ ဒသမ ၃၈ သန်းဖြင့် တင်ဒါအောင်မြင်သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က  ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)