မြို့သစ် ၁၀ ဇူလိုင်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဆည်လည်အုပ်စု၊ မထွဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးသန်းဝင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်နွဲ့ရီတို့က အခြေခံပညာ အထက်တန်းကျောင်း ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
မထွဲကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းကို ၁၉၅၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်ခဲ့ခြင်းဖြစ်သည်။
ဝင်းအိဇွန်(ပြန်/ဆက်)