စစ်ကိုင်း   ၂၈   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် မြို့သစ်-ရွာသာလမ်းပေါ်ရှိ သစ်သားတံတားတစ်စင်း  ချောင်းရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါတံတားသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နတလရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အရှည်ပေ ၁၃၀၊ အကျယ် ၁၅ ပေရှိ သစ်သားတံတားဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက် နံနက် ၄ နာရီခွဲခန့် တွင် မြို့သစ်ဘက်ခြမ်း၌ အရှည်ပေ ၉၀ ခန့် ပြိုကျပျက်စီးခဲ့သည်။

 

အဆိုပါတံတား ပြိုကျပျက်စီးရာသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက်  ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)