မြို့သစ် ၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးရာသီကာလ သဘာဝဘေးကြောင့် မိုးစပါးပျက်စီး ဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက ၃၆ ဧကအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းက အမှာစကားပြောကြားပြီး မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်ကိုကို က မိုးရာသီကာလ သဘာဝဘေးဖြစ်သည့် မိုးခေါင်ခြင်းကြောင့် သီးနှံများ ပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးရာသီကာလ မိုးလိုမိုးခေါင်မှုကြောင့် ပျက်စီးခဲ့သည့် ရပ်ကွက်/ကျေးရွာ(၃) အုပ်စုမှ တောင်သူ(၁၅)ဦး၏ ပျက်စီးဧက ၃၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းမင်းအောင်(ပြန်/ဆက်)


