မြို့သစ် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀ )ပေဖြစ်ပြီး လက်ရှိရေအ မှတ်မှာ(၅၆၁)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ( သုည ဒသမ ငါးပေခန့်) ရေပိုလွှဲမှ ရေကျော် ကျလျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၆၂၅)ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ( ၆၂၅ ဒသမ ၇၀ ) ပေရှိသည့်အတွက် ( သုည ဒသမ ခုနှစ်ပေ )ခန့် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှု ရှိသော်လည်း ဆည်အနီးအနားရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေး ညီအသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)