မြို့သစ် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ( သုည ဒသမ လေးပေခန့်)ရေပိုလွှဲမှရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင်(သုည ဒသမ နှစ်ပေခန့် )သာရှိသည့် အတွက် ( သုည ဒသမ နှစ်ပေခန့် ) ရေပိုလွှဲမှရေကျော်ကျမှု လျော့နည်းကျဆင်းလာပြီး စွန်ဆည်ရေ လှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက(သုည ဒသမ သုံးပေခန့် ) ရေပိုလွှဲမှရေကျော်ကျမှုရှိရာမှ ယ နေ့နံနက်ပိုင်းတွင်( သုည ဒသမ တစ်ပေခန့်)သာရှိသည့်အတွက် ( သုည ဒသမ နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းလာကြောင်းသိရသည်။
ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းသော်လည်း ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့် တပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)