မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး မီးသတိပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်

မြို့သစ်၈ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးလှုံ့ဆော်ခြင်းများကို ဇွန် ၇ ရက် ညနေ နာရီက သက်ဆိုင်ရာနယ်မြေများတွင် လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ မီးသတိပေးခြင်းများ ဆော်ဩဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်နှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်အတွင်းသို့ ဌာနပိုင်မီးသတ်မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ ထမင်း/ဟင်းချက်ပြုတ်ချိန်တွင် မိမိတို့အိမ်ရှိ မီးဖိုများကို အသုံးပြုရာ၌ စနစ်တကျကာရန်၍ ချက်ပြုတ်ကြရန်၊ ချက်ပြုတ်ပြီးပါက မီးကိုစနစ်တကျဖြင့် ငြိမ်းသည်အထိ ငြှိမ်းသတ်ကြရန်၊ ချက်ပြုတ်ချိန်တွင် မီးဖိုအနီးတွင် ရေအိုး ရေခွက်များ အသင့်ထားရှိကြရန်   မီးဖိုအနီးတွင် လောင်စာဆီများမထားကြရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝိုင်ယာကြိုး၊ မီးခလုတ်၊ မီးအားမြှင့်စက်များကို အသုံးပြုပီးပါက စနစ်တကျပြန်လည် ပိတ်ထားကြရန်၊  အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါက သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများနှင့် ဆက်သွယ်ပြသပြီး   ဖြုတ်ထားကြရန်၊ ပိတ်ထားကြရန်နှင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိမိတို့အိမ်တွင် အသင့်ထားရှိသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားနှင့် မီးသတ်ဆေးဘူးတို့ကို အသင့်ထားရှိကြရန်၊ မီးအသုံးပြုချိန်ကို နေ့စဉ် နံနက် နာရီမှ ၁၁ နာရီထိနှင့် ညနေ  နာရီမှ  နာရီအချိန်ထိ အသုံးပြုကြရန် စသည့်အချက်များကို မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက အပတ်စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့များတွင် ပုံမှန်လှည့်လည် ဆော်ဩဆောင်ရွက်ကြကြောင်း သိရသည်။

 

သန်းဝင်းထွန်း (မြို့သစ်)