မြို့သစ် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြို့လုလင်ကျေးရွာအုပ်စု မြို့လုလင်ကျေးရွာအနီး၊ တောင်တွင်း -မြို့သစ် ကားလမ်းမပေါ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်းပင်တစ်ပင် လဲကျ၍ ကားလမ်းပိတ်နေသဖြင့် ကူညီရှင်းလင်းပေးပါရန် ယနေ့နံနက်ပိုင်းက ပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာသဖြင့် မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ သွား ရောက်၍ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါထနောင်းပင်၏ အရွယ်အစားမှာ အရှည်ပေ ၃၀ ခန့် ၊လုံးပတ် ၃ ပေခန့်ရှိပြီး ကားလမ်းမ၏ မြောက်ဘက်ခြမ်းမှ လမ်း၏တောင်ဘက်ခြမ်းသို့ လဲကျကာ ကားလမ်းပိတ်ဆို့နေသဖြင့် သစ်ပင်သစ်ကိုင်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်နှင့် တပ်ဖွဲ့ဝင်(၆)ဦးတို့မှသွားရောက်၍ ကူညီဖယ်ရှား ရှင်းလင်းပေးခဲ့သည်။
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကူအညီ တောင်းခံ နိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)


