မြို့သစ် နိုဝင်ဘာ ၂၅
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်အုပ်စု၊ နတ်ရွာကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က အိပ်ယာဘေးတွင် ဆေးလိပ်တိုချထားခဲ့ရာမှ ဂွမ်းစောင်မှတစ်ဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အင်ဖက်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှုမရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ကိုဇော် (ပြန်/ဆက်)