မြို့သစ်  အောက်တိုဘာ ၁၆

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်း ကျေးလက်ဒေသများ၏ မိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၀-၂၀၂၁ အတွင်း ကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် လမ်းများ၊ တံတား၊ ရေကျော် စသော လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  ကျေးရွာနေပြည်သူများ၏ အကျိုးစီးပွားကို များစွာ အကျိုးပြုသည့်အတွက် လမ်းပျက်စီးခြင်း မဖြစ်စေရေးကိုပါ ကျေးရွာများ၏ လမ်းကော်မတီများကို မြို့သစ်မြို့ ကျေးလက်လမ်းဦးစီးအရာရှိနှင့် ဝန်ထမ်းများ ပူးပေါင်းကာ ကာကွယ်စောင့်ရှောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍   ကျေးလက်လမ်းများ  ဖောက်လုပ်ဆောင်ရွက်ခဲ့ရာတွင် လမ်းမြေအနေအထားပေါ် မူတည်၍ ဖောက်လုပ်ရသည့်အတွက် လွယ်ကူသည့်မြေနှင့် တွေ့ရှိသလို ခက်ခဲသည့် မြေမျိုးများဖြင့်လည်း ဖောက်လုပ်ခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဖောက်လုပ်ခဲ့သော လမ်းသည် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဖောက်လုပ်ခြင်းဖြစ်သည်။   

 

တိုင်းဒေသကြီးမှ ရန်ပုံငွေဖြင့် ဖောက်လုပ်သော ရေကျော်တံတား (၃၄/ ဒသမ ၈၈) မိုင် စင်း၊ (Box Culvert) စင်း၊ (Mini Budget) / ( ဒသမ ၆၄) မိုင် စင်းအား ကျေးလက်လမ်းဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မြို့သစ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၂၁၀၆ ဒသမ ၅၁၀၅) သန်းဖြင့် ဆောင်ရွက်ပြီးစီးကြောင်း  မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

 

ကိုဇော်(ပြန်/ဆက်)