မြို့သစ် ဇန်နဝါရီ ၂

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်ရှိ အဆိုပါလမ်း၌ ကျင်းပသည်။

 

ဦးစွာ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဆန်းဝင်းက စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာ ဦးဗိုလ်ဌေးက စကားဝါလမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖ ဦးလှသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလင်း၊ အဖွဲ့ဝင်(၂) ဦးမိုးဇော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၁ ဒသမ ၉၀ ကုန်ကျခံကာ လမ်းအရှည် (၁၁၀၀)ပေ၊ လမ်းအကျယ် (၁၂)ပေနှင့် ထု (၈)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရပ်ကွက်နေလူထု လူမှုစီးပွားရေးဖွံ့ဖြိုးရန်အတွက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

 

ကိုဇော်(ပြန်/ဆက်)